Save Myanmar House (the ambassadorial residence in London) from Myanmar’s illegitimate junta, which is trying to seize the property.
The military junta killed peaceful protesters during the bloodiest days of 2021.
Myanmar’s illegitimate junta has launched legal action in Britain to seize Myanmar House, "the ambassadorial residence in London". Agents of the wanted war criminal, Min Aung Hlaing, have gone to the UK Metropolitan Police demanding that the democratic ambassador, Kyaw Zwar Minn, is expelled from the house, so that the junta can take possession.
The preliminary hearing, in which Kyaw Zwar Minn is accused of trespass, is set for 30th May 2025. The junta is claiming to be the owners of the property. However, documents of the UK Land Registry clearly state that the property belongs to “the Union of Burma”. The junta therefore has no legal claim.
However, they are determined to push ahead with a case and if they win, they could sell the property, worth six million pounds. This would amount to blatant theft, of property that belongs to the Burmese people. And so, on behalf of all the people of Myanmar, we are appealing for your support. We need at least £35,000 to pay for the legal costs. Kyaw Zwar Minn has so far funded the legal expenses of defending the property from his own pocket. Our superb lawyers, Peters and Peters, contributed much pro-bono work, and have been working at reduced rates. But if the case is escalated to a higher UK court, the costs will rise considerably.
So please donate generously in order to save Myanmar House, for the people of Myanmar. We cannot allow a junta that seized power unconstitutionally, killed, imprisoned and tortured tens of thousands of its own people and which has stolen so much of Myanmar’s natural resources through military-run enterprises to steal more property from the people of Myanmar. We appeal to you to give what you can. We must all act now, in support of the people of Myanmar, to save Myanmar House.
Why is the Myanmar House trial so significant?
1.A case like this has never occurred in the history of the United Kingdom or the Foreign, Commonwealth & Development Office (FCDO).
2. Despite the British government refusing to recognize the military junta, the regime successfully took control of the Myanmar Embassy and is now attempting to seize the Ambassador’s residence through legal proceedings—an event unfolding largely unnoticed.
3. This trial presents a major challenge not only for the UK, a leading advocate of democracy and human rights, but also for Western nations as a whole.
4. The case is likely to be studied in diplomacy textbooks, serving as an important precedent for future diplomatic and legal discussions.
5. It highlights the urgent need for the international community to clarify the definitions of legitimate government, statehood, national sovereignty, and the role of an Ambassador in diplomatic representation.
A school in Myanmar where students were killed by a recent junta airstrike in Oe Htein Twin Village, Tabayin Township, Sagaing Region, on 12 May 2025.
Children are tragically killed, leaving parents to mourn after a Myanmar Military Junta airstrike on a school in Oe Htein Twin Village, Tabayin Township, Sagaing Region, on 12 May 2025.
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပိုင်မြေနှင့် အိမ် (Myanmar House) ကို ကာကွယ်စောင့်ရှောက်ရေး။
49 Redington Road, London, NW3 7RA ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပိုင် သံအမတ်ကြီးနေအိမ်သည် ၁၉၅၀ ခုနှစ်၌ Union of Burma အမည်ဖြင့် UK တွင် မြေစာရင်းမှတ်ပုံတင်ကာ ဝယ်ယူထားခဲ့သည်။
စစ်တပ်အာဏာသိမ်းခြင်းနှင့် မြန်မာသံရုံး၊ လန်ဒန်မြို့ သံရုံးအကြီးအကဲဟောင်း၏ ရပ်တည်ချက် ဖြစ်စဉ်အကျဉ်း
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့အပြီး ပြည်သူက ရွေးချယ်တင်မြှောက်ခြင်း ခံရသော အနိုင်ရ NLD ပါတီကို အာဏာ လွှဲပြောင်း ပေးရမည့် အစား တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဟူသော အကြောင်းပြချက်ဖြင့် စစ်တပ် က နိုင်ငံတော်၏ အာဏာကို မတရား သိမ်းယူခဲ့သည်။
ထို့ကြောင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံရုံး အကြီးအကဲ ဖြစ်ခဲ့သူ အား ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်၍ summon လုပ်ခဲ့ပြီး Aide Memorie သတိ ထောက်လွှာ စာနှစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိထောက်လွှာများတွင် စစ်တပ်အာဏာသိမ်းမှုအပေါ် ရှုတ်ချခဲ့ကြောင်းနှင့် မတရားအာဏာသိမ်းမှုအပေါ် ဆန္ဒပြခဲ့ခြင်းသည့် အပြစ်မဲ့ ပြည်သူများ အထူးသဖြင့် လူငယ် လူရွယ်များ ကို ဖမ်းဆီး သတ်ဖြတ်ခြင်း များ ရပ်တန့်ရန် ၊ ဖမ်းဆီးထိန်းသိမ်းထားခဲ့သာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အနိုင်ရ NLD ပါတီ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင်အတူ ဖမ်းဆီးခံ ရသော နိုင်ငံရေးခေါင်းဆောင်များကို လွှတ်ပေးရန်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို လေးစားလက်ခံ၍ လွှတ်တော် ငြိမ်းချမ်းစွာခေါ်ယူရေး စသည့် အချက်များ ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ မတ်လတွင် မြန်မာသံရုံး အကြီးအကဲ ဖြစ်ခဲ့သူသည် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ summon လုပ်ခဲ့သည့် အဆိုပါ Aide Memorie စာနှစ်စောင်အား အပြည့်အဝ ထောက်ခံလျက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အနိုင်ရ NLD ပါတီ အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင်အတူ ဖမ်းဆီးခံရသော နိုင်ငံရေးခေါင်းဆောင် များ ကို လွှတ်ပေးရန်၊ စစ်တပ် အာဏာသိမ်းမှုကိုကန့်ကွက်ခဲ့ပြီး ငြိမ်းချမ်းစွာ အဖြေရှာရန် တိုက်တွန်းကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ကြေညာချက်ကြောင့် မြန်မာသံရုံး အကြီးအကဲ ဖြစ်သူအား စစ်ကောင်စီကအရေးယူခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ခြင်းအတွက် သံရုံး အကြီးအကဲ ဖြစ်သူသည် စစ်ကောင်စီ အမိန့်ကို လစ်လျူရှုလျက် မြန်မာသံရုံး၊ လန်ဒန်အား သံတမန် နည်းလမ်းအရ ကြီးကြပ်ကွပ်ကဲထားခဲ့သော်လည်း၊ လန်ဒန်မြို့ရှိ စစ်သံမှူးနှင့် သံရုံး ဒုတိယတာဝန်ခံ သံမှူးကြီးတို့မှ သံရုံးအကြီးအကဲ ဖြစ်သူ သံရုံးတွင် မရှိခိုက် သံရုံးအား သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး၊ သံရုံးအကြီးအကဲအား ရာထူးမှ ရပ်ဆိုင်းရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားအရေးယူခဲ့သည်။
စစ်ကောင်စီ သံရုံးက သံအမတ်ကြီးနေအိမ် Myanmar House အား ရယူလိုမှု တရားစွဲခြင်း
ထိုအချိန်မှစ၍ စစ်သံမှူးရုံးနှင့် စစ်ကောင်စီ သံရုံးတို့မှ လန်ဒန်မြို့ရှိ မြန်မာနိုင်ငံ တော်ပိုင် အဆောက်အဦ ၇ လုံးအနက်မှ သံအမတ်ကြီးဖြစ်ခဲ့သူ နေထိုင် လျက် ရှိသော သံအမတ်ကြီးနေအိမ် Myanmar House တစ်လုံးတည်းသာ သိမ်းပိုက် ရယူနိုင်ခြင်း မရှိခဲ့ပါ။
စစ်သံမှုးရုံးနှင့် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံး၊ လန်ဒန် တို့မှ ၂၀၂၁ ဧပြီလမှ စ၍ ခြိမ်းခြောက်၍တစ်မျိုး၊ အနှောက်အယှက်ပေး၍ တစ်ဖုံ နည်းလမ်းပေါင်းစုံဖြင့် Myanmar House အား သိမ်းပိုက်ရယူရန် ကြိုးပမ်းလျက်ရှိသည်။ ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ချဉ်းကပ်၍ အနုနည်းဖြင့် ကြိုးပမ်းခြင်း၊ Myanmar House တွင်နေထိုင်နေသော သံရုံးအကြီးအကဲဟောင်းနှင့် မိသားစုဝင်များအား အိမ်ပေါ်မှ ဆင်းရန် စိတ်အနှောင့်အယှက် အမျိုးမျိုးပေးခြင်း၊ စသည့် နည်းလမ်းများကို ဆောင်ရွက်၍ မရသဖြင့် ၂၀၂၃ ခုနှစ် မှစတင်၍ သံတမန် အိမ်ရာ ကျူးကျော် နေထိုင်မှုဖြင့် ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့သည်။
နယ်မြေရဲစခန်းမှတစ်ဆင့် ဆက်လက်၍ အမှုကို ဆက်လက် အရေးယူရန် UK Attorney General ရုံးသို့ တင်ပြခဲ့ခြင်းကြောင့် ၂၀၂၅ မေလ ၃၀ ရက်နေ့တွင် အဆိုပါအမှုကို စတင် ကြားနာရန် အတွက် Myanmar House တွင် နေထိုင်လျက်ရှိသူကို Westminster Magistrates Court သို့ လာရောက်ရန် ဆင့်ခေါ်ထားပါသည်။
Legitimate Government -တရားဝင်အစိုးရ အဖြစ် အသိအမှတ် ပြုရေး
စစ်ကောင်စီ/ စစ်တပ်သည် နိုင်ငံတော်၏ အာဏာကို နိုင်ငံရေး ပြဿနာဟု အကြောင်းပြပြီး၊ ၎င်းတို့၏ အမျှော်အမြင်နည်းမှု၊ လုပ်ပိုင်ခွင့်အာဏာနှင့် လောဘစိတ် များကြောင့် ထောင်နှင့်ချီသော ပြည်သူနှင့်ဝန်ထမ်းများ၊ ကလေး သူငယ်များ သေကြေပျက်ဆီးဒုက္ခရောက်ခဲ့၊ရောက်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံအတွင်း နိုင်ငံရေးနှင့်လူမှုရေး လှုပ်ရှားသူ လူတော်လူကောင်းအများစုမှာ နိုင်ငံရပ်ခြားသို့ ထွက်ပြေး ခိုလှုံနေကြရခြင်း၊ လွှတ်မြောက်နယ်မြေတွင် ရရာလက်နက် စွဲကိုင် တော်လှန် နေရခြင်း စသည်ဖြင့် လူသားအရင်းအမြစ်များ ဆုံးရှုံးလျက်ရှိသည်။
စစ်တပ်အနေနှင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀-၇၀ ကျော် ကတည်းက တိုင်းပြည် အာဏာကို ရယူ၍ အုပ်ချုပ်ခဲ့ရာ နိုင်ငံတော် တိုးတက်မှုလုံးဝ မရှိခဲ့သည့်အပြင် ဆင်းရဲတွင်းနက်နေခဲ့ရသော်လည်း စစ်ခေါင်းဆောင်အများစုမှာ နိုင်ငံတော်နှင့် ပြည်သူမျက်နှာကြည့်ရန်မေ့ကာ ၎င်းတို့ချမ်းသာကြွယ်ဝမှုကိုသာ ဦးစားပေးနေဆဲ ဖြစ်သည်။ မြန်မာပြည်အမြန်အေးချမ်းစေရေး ကြိုးပမ်းရာတွင် ပြည်သူအားလုံးက ရောက်ရာ အခြေအနေမှနေ၍ ပူးပေါင်းပါဝင်ရန် တာဝန်ရှိသည်။
Myanmar House သည် လက်ရှိနေထိုင်လျက်ရှိသော သံအမတ်ကြီးဟောင်း၏ ပုဂ္ဂလိကပိုင် အဆောက်အဦ မဟုတ်ပါ။ Myanmar House သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပြည်သူအများမှ ရွေးကောက်တင်မြှောက်ခဲ့ သော Legitimate Government -တရားဝင်အစိုးရကသာ ပိုင်ဆိုင်ခြင်းဖြစ်သည်။
Legitimate Government -တရားဝင်အစိုးရဟု ဆိုရာတွင် ဗြိတိန်နိုင်ငံအစိုးရအနေဖြင့် စစ်ကောင်စီအား တရားဝင်အစိုးရဟု အသိအမှတ်ပြုခြင်းလော၊ ပြည်သူက ရွေးကောက် တင်မြှောက်ခဲ့သော ပြည်ထောင်စုအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ ဟု အသိအမှတ် ပြုခြင်းလော၊ ဗြိတိန်အစိုးရ၏ ရပ်တည်မှုနှင့် recognition သည် မြန်မာပြည်သူများအတွက် လွန်စွာ အလေးထား ရမည့် ကိစ္စဖြစ်သည်။ ဗြိတိန်အစိုးရ၏ ရပ်တည်မှုနှင့် အသိအမှတ်ပြုမှုသည် နိုင်ငံတကာအလယ်မှာ အာဏာသိမ်း စစ်ကောင်စီ အာဏာမှေးမှိန် လာစေပြီး၊ နိုင်ငံရေး၊ စီးပွားရေး ကျဆင်းလာမည့် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။
ထို့ကြောင်း ဗြိတိန်နိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ၌ Legitimate Government -တရားဝင် အစိုးရကိုသာ လွှဲပြောင်း ပေးမည်ဟူသော သံအမတ်ကြီးဟောင်း၏ ခံယူချက် အပေါ် ဆင်ခြင်သုံးသပ်၍ စစ်ကောင်စီ သံရုံး၏ တရားစွဲဆိုခြင်းအပေါ် အလေးထား ဆုံးဖြတ် ချမှတ်ရမည် ဖြစ်သည်။
Myanmar House အား စစ်ကောင်စီ သံရုံးသို့ လွှဲပြောင်းပေးအပ်ရန် မည်သို့မျှ မဖြစ်နိုင်ခြင်းသည် ဗြိတိန်အစိုးရ၏ အရေးယူ ဆောင်ရွက်မှု Legitimate Government - တရားဝင်အစိုးရ အသိအမှတ် ပြုမှု ကိစ္စနှင့် ဆက်စပ်လျက် ရှိသည့်အတွက် ထိန်းသိမ်းကာကွယ်ရန်လိုအပ်ပါသည်။
အမှု ရင်ဆိုင်ရန် လိုအပ်လာခြင်း
အထက်ပါ အကြောင်းတရားများကြောင့် စစ်ကောင်စီ သံရုံး၏ တရားမဝင် နေထိုင်သူအဖြစ် တရားစွဲဆိုထားသည့် ကိစ္စအပေါ် တရားရုံးတွင် ရင်ဆိုင်ရမည် ဖြစ်သည်။ အဆိုပါ တရားရင်ဆိုင်ရန် သံအမတ်ကြီးဟောင်းနှင့်အတူ ကူညီပေးမည့် ရှေ့နေများသည် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်းဖြင့် ကူညီဆောင်ရွက် သွားမည် ဖြစ်ပါသည်။
သံအမတ်ကြီးဟောင်းနှင့်အတူ ရပ်တည်ချက် ခံယူချက် သဘောချင်း တိုင်ဆိုင်သူများ အနေဖြင့် Myanmar House အမှုအတွက်တရားရုံးတွင် ရင်ဆိုင် ရန် ရန်ပုံငွေ လိုအပ်လျက်ရှိသည့် အတွက် ခံယူချက် စေတနာ ရှိသ၍ ရန်ပုံငွေထည့်ဝင်ပေးရန် မေတ္တာ ရပ်ခံပါသည်။ အဆိုပါ ရန်ပုံငွေကောက်ခံရရှိမှု အပေါ် ပွင့်လင်း မြင်သာမှုရှိစေရန် အပြည့်အဝ တာဝန်ယူပါသည်။ ကနဦးအနေဖြင့် ရန်ပုံငွေ ပမာဏ ပေါင် ၃၅,၀၀၀ ရည်မှန်း ထားပါသည်။ အမှုဖြစ်စဉ် တရားရုံး ဆင့်ခေါ်မှု၊ ပြင်ဆင်ခြင်း၊ သုံးသပ်ခြင်း စသည့် အမှုကြာရှည်ချိန်ကာလ မခန့်မှန်းနိုင်ပါ။
Myanmar House အမှုသည် အဘယ်ကြောင့် အရေးပါသနည်း။
၁။Unite Kingdom နှင့် ဗြိတိသျှအစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး (FCDO) သမိုင်းတွင် ဤကဲ့သို့သော အမှုမျိုး မကြုံဖူးခဲ့ပါ။
၂။ ဗြိတိသျှအစိုးရက မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း၊ စစ်ကောင်စီသည် တရားဝင် အစိုးရ၏မြန်မာသံရုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုတွင် ဥပဒေအရ တရားစွဲကာ သံအမတ်ကြီး၏ နေအိမ်ကိုပါ လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းနေသည်။ ဤဖြစ်ရပ်သည် လူအများ သတိမထားမိဘဲ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
၃။ ဤတရားစွဲဆိုမှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဓိကဥိးဆောင် နေသော ဗြိတိန်အတွက်သာမက အနောက်နိုင်ငံများအားလုံးအတွက်ပါ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်။
၄။ ဤအမှုသည် နိုင်ငံတကာဆက်ဆံရေးစာအုပ်များတွင် လေ့လာခံရမည့် အမှုတစ်ခုဖြစ်ကာ အနာဂတ် သံတမန်ရေးရာနှင့် ဥပဒေရေးရာ ဆွေးနွေးမှုများအတွက် အရေးပါသော ရှေ့နမူနာတစ်ခု အဖြစ် အသုံးဝင်လိမ့်မည်။
၅။ ဤဖြစ်ရပ်သည် တရားဝင်အစိုးရ၊ နိုင်ငံတော်အဖြစ်အသိအမှတ်ပြုမှု၊ အမျိုးသားအချုပ်အခြာအာဏာနှင့် အထူးအာဏာကုန်လွှဲအပ်ခံရသည့်သံအမတ်ကြီးတစ်ဦး၏ တရားဝင်ကိုယ်စားပြုမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အမြန်ဆုံး ရှင်းလင်းရန် လိုအပ်ကြောင်း ထင်ဟပ်စေသည်။
အထူး မေတ္တာရပ်ခံချက်
နိုင်ငံတကာအလယ်တွင် သံတမန်ရေးရာ ထိုးနှက်ချက်သည် အဓိကကျသည့် အခန်းကဏ္ဏဖြစ်ပြီး၊ စစ်ကောင်စီ အာဏာ ပြုတ်ကျရေးအတွက် လက်နက်ကောင်း ဖြစ်သည်ဟု ခံယူထားပါသည်။ မိမိတို့နှင့်လည်း သဘောထားအမြင် ကွဲလွဲနိုင်ပါသည်။ သို့သော် မိမိတို့နှင့် ခံယူချက်၊ ရပ်တည်ချက် မတူသည့်အပေါ် ကန့်ကွက် အပြစ် တင်မှုများသည် ပြည်သူအများ၏ ဘုံရန်သူ ဖြစ်သည့် စစ်တပ်ခေါင်းဆောင် များနှင့် ၎င်းတို့၏ အပေါင်း အပါများ၊ Lobby များ ကို အားပေးရာ ရောက်စေနိုင်သည့် သဘော သက်ရောက်မည့်အပြင် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေနိုင်ကြောင်း သတိပြုစေလိုပါသည်။
(Myanmar House အမှုဆောင်အဖွဲ့)
- Before you check out!!!
HOW CAN YOU CHANGE THE AMOUNT YOU WANT TO TIP?
Before you check out, you'll see the box marked 'Summary', in here you will be able to adjust the amount you would like to tip, and it will be reflected in the amounts at the bottom of the summary box.